ပွင့်ဖြူ ဇွန် ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် အခွန်ထမ်းလုပ်ငန်းရှင်များအား တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဌာန်းချက်များနှင့် စပ်လျဉ်းသည့် အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အခွန်ဘဏ္ဍာတိုးတက်ကောက်ခံရရှိရေးအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးခိုင်လင်းကိုက ပြည်တွင်းအခွန်များဦးစီးဌာန၏ ရည်ရွယ်ချက်နှင့်လုပ်ငန်းတာဝန်များ၊ တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ ကျသင့်ကုန်သွယ်လုပ်ငန်းခွန်၊ အခွန်အမှတ်တံဆိပ်သတ်မှတ်ချက်၊ ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းပြဌာန်းချက်များအား လိုက်နာရမည့်အချက်များနှင့် အခွန်ပျက်ကွက်မှုများအတွက် ပြစ်ဒဏ်များစသည့်အကြောင်းအရာများကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားကာ အခွန်ထမ်းလုပ်ငန်းရှင်များ၏ သိရှိလိုသောမေးမြန်းချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီးနောက် မြို့နယ်အခွန်ဦးစီးဌာနမှဝန်ထမ်းများက အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )