လိပ်သို ဇွန် ၂၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ နှစ်ရှည်သီးနှံပင်ဖြစ်သော ကော်ဖီပင်များကို စီးပွားဖြစ် စိုက်ပျိုးလျက်ရှိကြရာ ဒေသခံအချို့မှာ ကော်ဖီပျိုးပင်များကို ပျိုးထောင်ပြုစုပြီး ရောင်းချခြင်းဖြင့် အပိုဝင်ငွေရလျက်ရှိသည်။
ဒေသတွင်း၌ အာရေဗီးကား၊ ရိုဘတ်စတာနှင့် ကော့ကရိတ် ကော်ဖီမျိုးများကို စိုက်ပျိုးလျက်ရှိကြရာ ကော်ဖီပျိုးပင် ပျိုးထောင်ရောင်းချသူ ဒေသခံများမှာ ခြံထွက် ကော်ဖီသီးမှည့်များထဲမှ အလုံးကြီးပြီး မျိုးကောင်းသော ကော်ဖီသီးများကို ရွေးယူ၍ ပျိုးအိတ်ထဲတွင် မြေဆွေးနှင့် သဘာဝမြေဩဇာရောထည့်ကာ ပျိုးခြံထဲတွင် ပျိုးထောင်ကြကြောင်း၊ ပျိုးပင်တစ်နှစ်သားခန့် အကိုင်းထွက်လာချိန်တွင် ရောင်းချကြကြောင်း သိရသည်။
ဒေသတွင်း၌ ကော့ကရိတ်ကော်ဖီပျိုးပင် တစ်ပင်လျှင် (၁၀၀၀) ကျပ်ဖြင့် ရောင်းချကြပြီး ကော်ဖီပျိုးပင်များမှာ အပင်အမျိုးအစားအလိုက် စျေးနှုန်းကွာခြားကြောင်း သိရသည်။
နော်ဖလောရင်း