စေတုတ္တရာမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

စေတုတ္တရာ ဇွန် ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ၂၀၂၆ခုနှစ်၊ ဇွန်လ(၂၆) ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများလက်ဝယ်ထံအရောက်ဖြန့်ဝေပေးခြင်းကို ဇွန်လ ၂၃ ရက်နေ့ညနေ ၄ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်အေးမြသန္တာနှင့်ဝန်ထမ်းများက အ.ထ.က(စေတုတ္တရာ)၌ ဆရာ၊ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများထံဖြန့်ဝေပေးခဲ့ပြီး၊ ပြည်သူလူထုလက်ဝယ်ထံအရောက် ဆက်လက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဆန်းကိုကို(ပြန်/ဆက်)