ဆီဆိုင်မြို့နယ်၌ သွေးအားစုများပေးအပ်ပွဲ ကျင်းပ

ဆီဆိုင် ဇွန် ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးသန့်ပွားတောင်သူများနှင့် မိုးသီးနှံစံပြကွက် တောင်သူများအား မျိုးစေ့၊ ဓာတ်မြေဩဇာနှင့် သွင်းအားစုများပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါရုံး၌ ကျင်းပပြုလုပ်သည်။

 ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခွန်ကျော်ရန်က အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးလေးဝင်းက မျိုးစေ့၊ ဓာတ်မြေဩဇာနှင့်သွေးအားစုများပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် စံပြကွက်စိုက်ပျိုးမည့်တောင်သူများအား မျိုးစေ့၊ ဓာတ်မြေဩဇာနှင့်သွင်းအားစုများကို တာဝန်ရှိသူတို့က အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)