မြန်မာအမျိုးသမီးများ‌နေ့ကို ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် စုပေါင်းသွေးလှူဒါန်း

ကလော ဇွန် ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်ပြည်သူ့‌ဆေးရုံ၌ ၂၀၂၆ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့ တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက် ၁၀ နာရီက ခရိုင်/မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များပူး‌ပေါင်း၍ ကလောခရိုင်ပြည်သူ့ဆေးရုံအတွက် စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့သွေးလှူဒါန်းရာတွင် က‌လောခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်း၊ မြို့နယ်အမျိုးသမီး‌ရေးရာဥက္ကဋ္ဌ ဒေါ်အေးသက်လှိုင်နှင့်အဖွဲ့ဝင်များက စုပေါင်းသွေးလှူဒါန်းခဲ့ရာ သွေးလှူဒါန်းသည့်အမျိုးသမီး‌ရေးရာအဖွဲ့ဝင်များအား ကလောခရိုင်ပြည်သူ့ဆေးရုံအုပ်၊ ဒုတိယခရိုင်ကုသရေးဦးစီးဌာနမှူး၊ ဒေါက်တာ ဝင်းသန္တာဖြူက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အဟာရဖြည့်စွက်စာများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်ဝင်း(ကလော)