မင်းတုန်း ဇွန် ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့ အခြေခံခံပညာအထက်တန်းကျောင်းတွင် ဇွန်လ ၂၃ ရက်နေ့ ညနေ ၂ နာရီက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်ခင်ပြည့်စုံက မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဇော်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့က မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးပြသနာများနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ကျောင်းသား/သူများ သိရှိနားလည်နိုင်စေရန် အသိပညာပေး ဆွေးနွေးခဲ့ကြသည်။
အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ ဆရာ/မများနှင့် ကျောင်းသား/သူ (၂၀၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချင်းကလေး(NRDC)