ရပ်စောက်၌ မျိုးစေ့ထုတ်စံပြစိုက်ကွက်လုပ်ငန်းများအတွက် ဓာတ်မြေဩဇာနှင့် မျိုးစေ့ချကိရိယာများထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ရပ်စောက် ဇွန် ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနမှကျင်းပပြုလုပ်သော ၂၀၂၆-၂၀၂၇ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေမှ မျိုးစေ့ထုတ်စံပြစိုက်ကွက်လုပ်ငန်းများအတွက် ဓာတ်မြေဩဇာနှင့်မျိုးစေ့ချကိရိယာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် ရပ်စောက်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ညွန့်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းစိုးနိုင်တို့က အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်က မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်ရခြင်း၏ရွယ်ချက်အားရှင်းလင်းပြောကြားကာ တက်ရောက်လာသော တောင်သူများအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက စပါး၊ နေကြာ၊ ပဲပုပ်မျိုးများ၊ ပုလဲ၊ ကွန်ပေါင်းမြေဩဇာ၊ သဘာဝမြေဩဇာနှင့် မျိုးစေ့ချကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့်တာဝန်ရှိသူများက တောင်သူများနှင့်တွေ့ဆုံပြီးနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကော်ဖီပျိုးခင်းကိုကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

မြို့နယ်ပြန်/ဆက်