မိုးနဲမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးလုံခြုံရေးဟောပြောခြင်းနှင့် မီးငြိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်

မိုးနဲ ဇွန် ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာန၏ စီစဉ်မှုဖြင့် မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ပုလဲဆောင်ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးကျော်ကိုကိုသက်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား‌၊ ကျောင်းသူများနှင့်အတူ မီးသတ်ကားအသုံးပြု၍ မီးငြှိမ်းသတ်မှုကို သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)