လှိုင်းဘွဲ ဇွန် ၂၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပုံပြင်၊ကဗျာရွတ်ပြိုင်ပွဲများကို ယမန်နေ့က ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ကျင်းပခဲ့သည်။
ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ ရရှိလာစေရန်နှင့် လူအများရှေ့တွင် ပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်အတွက်ပြိုင်ပွဲများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိရာ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အတွက် ပုံပြင်၊ ကဗျာရွတ်၊ စာဖတ်စွမ်းရည်၊ ရုပ်ပြ မြန်မာ+ အင်္ဂလိပ်ပြောပြိုင်ပွဲနှင့် အိမ်ဆောက်ပြိုင်ပွဲတို့ကို ကျောင်းသား၊ ကျောင်းသူလေးများက ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)