ကော့သောင်း ဇွန် ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် ၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ မြန်မာ့အမျိုးသမီးများနေ့အကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းခွဲ၊ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပသည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးငြိမ်းငြိမ်းစံက “မြန်မာအမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံ၊ အမျိုးသမီးများနေ့ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် လူ့ပတ်ဝန်းကျင်၊ လူ့အသိုင်းအဝိုင်း၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် အမျိုးသမီးများ၏ အခန်းကဏ္ဍများအကြောင်း ပြောကြားပြီး အမျိုးသမီးများ၏ စွမ်းရည်နှင့် အရည်အချင်းများကို ယုံကြည်အားပေးကြရန်၊ အမျိုးသမီးအခွင့်အရေးများကို လေးစားကာကွယ်ကြရန်နှင့် ကျားမတန်းတူညီမျှသော လူ့အသိုင်းအဝိုင်းတစ်ရပ် တည်ဆောက်နိုင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)