ကော့သောင်း ဇွန် ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်းကျင်းပသော ၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းခွဲ၊ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပသည်။
အဆိုပါ ပြိုင်ပွဲများကျင်းပရာတွင် စာစီစာကုံးပြိုင်ပွဲ၌ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက "နိုင်ငံတော်ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ အမျိုးသမီးကဏ္ဍမြှင့်တင်စို့" နှင့် "ကျားမတန်းတူညီမျှရေး အားလုံးဝိုင်းဝန်းလက်တွဲပေး "ခေါင်းစဉ်တို့ဖြင့် လည်းကောင်း၊ ပန်းချီပြိုင်ပွဲ၌ မြန်မာအမျိုးသမီးများနှင့် သက်ဆိုင်သည့် ကြိုက်နှစ်သက်ရာ ခေါင်းစဉ်များဖြင့် ကော့သောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်းအသီးသီးမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲတွင် အလယ်တန်းနှင့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ ၉၉ ဦး၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ ၁၃၄ ဦး၊ စုစုပေါင်း ၂၃၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကျင်းပနေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် ပညာရေးမှူးများနှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)