သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတတ်မြင့်မားရေးကော်မတီနှင့် တောင်သူများ တွေ့ဆုံ

သာပေါင်း ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတတ်မြင့်မားရေးကော်မတီနှင့် အောင်တပ်ကျေးရွာအုပ်စုအတွင်းရှိ တောင်သူများ တွေ့ဆုံပွဲကို ယနေ့ ဇွန်လ ၂၃ ရက်နေ့၊ မွန်းလွဲ ၂ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြသည်။

မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတတ်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာန၊ ဦးစီးအရာရှိ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတတ်မြင့်မားရေးကော်မတီအတွင်းရေးမှူး ဦးမျိုးမြင်လွင်တို့က တောင်သူများနှင့် တွေ့ဆုံပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မိုးသီးနှံသွင်းအားစုများ မှန်မှန်ကန်ကန်ရရှိရေး၊ စိုက်ဘဏ်ချေးငွေ အချိန်မီရရှိရေး၊ မိုးသီးနှံ စိုက်ပျိုးရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ရေး၊ အကျိုးဖြစ်ထွန်းမည့် ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်) စိုက်ပျိုးရေး၊ မှို/ဝါးစိုက်ပျိုးရေး၊ ကော်ဖီသီးနှံ စိုက်ပျိုးရေး၊ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းအလေးထားလိုက်နာဆောင်ရွက်ရေး၊ (ရာသီဥတုက သဘာဝ၊ အခက်အခဲက သာမည၊ နည်းပညာက အဓိက၊ လူသာလျှင် ပဓာန) အတိုင်း စိုက်ပျိုးထုတ်လုပ်ရေး၊ သီးနှံဖျက် ပိုးမွှားအန္တရာယ်ကာကွယ်ရေး၊ စိုက်ပျိုးရေးအတွက် အကျိုးရှိမည့်ကိစ္စရပ်များကို ဆွေးနွေးပြောကြားကြပြီးနောက် တောင်သူများမှ သိရှိလိုသည်များ မေးမြန်းကြရာ ပြန်လည်ရှင်းလင်းဖြေကြားဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

သိန်းမြင့်မျိုးဦး