မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ မရမ်းချောင်းကျေးရွာတွင် ရက် (၁၀၀) စီမံချက်ဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

မြောင်းမြ ဇွန် ၂၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရွာသစ်ကျေးရွာအုပ်စု၊ မရမ်းချောင်း ကျေးရွတွင် ၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ် ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း (၅၆၇' x ၆' x ၆") ဆောင်ရွက်ပြီးစီးမှုအား မြောင်းမြခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်သူကိုကိုနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ် (၁၅) သန်း၊ ပြည်သူ ထည့်ဝင်ငွေ ကျပ် (၃.၃) သန်း၊ စုစုပေါင်းငွေ ကျပ် (၁၈.၃) သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး အိမ်ခြေ (၁၃၄) အိမ်၊ အိမ်ထောင်စု(၁၃၄)စု၊ လူဦးရေ (၄၇၇) ဦးတို့အတွက် လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမည်ဖြစ်သည်။

ခရိုင်(ပြန်/ဆက်)