တွန်းဇံမြို့၌ ကယ်ဆယ်ရေးပစ္စည်းများနှင့် စားရေရိက္ခာထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပ

တွန်းဇံ ဇွန် ၂၅

ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်‌ရေးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့ဝင်များ တွန်းဇံမြို့သို့လာရောက်စဉ်က  အခြားဒေသမှ တွန်းဇံမြို့သို့ ပြန်လည်ရောက်ရှိလာသည့် ယာယီတိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့သည့် ကယ်ဆယ်ရေးပစ္စည်းများနှင့် စားရေရိက္ခာများ ပေးအပ်ခြင်းအခမ်းအနားကို ဇွန်လ ၂၃ ရက်နေ့ ညနေ (၃) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ထိုသို့ထောက်ပံ့ပစ္စည်းများပေးအပ်ရာတွင် မြို့ပေါ်ရပ်ကွက် (၂) ခုမှ အိမ်ထောင်စု (၃၉) စုတွင် စားရေရိက္ခာ (၅) မျိုးအတွက် တစ်ဦးလျှင် (၁၄) ရက်စာ (၅၁၆၆၀) ကျပ်နှုန်းဖြင့် စုစုပေါင်းလူဦးရေ (၂၆၅) ဦးအား  (၁၃၆၈၉၉၀၀) ကျပ်နှင့်အတူ ဘေး/စီမံဌာနမှ ထောက်ပံ့သည့် အိမ်ထောင်စုတစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ တာပေါ်လင်အိတ်တစ်အိတ်နှုန်းဖြင့် အိမ်ထောင်စု(၃၉)စုအား တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ကယ်ဆယ်ရေးနှင့် စားရေရိက္ခာထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီး အကဲများ၊ ဘာသာရေးခေါင်းဆောင်များ၊ ရပ်မိရပ်ဖများနှင့် ယာယီတိုက်ပွဲရှောင်ပြည်သူများ (၃၁၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်