တွန်းဇံ ဇွန် ၂၅
ချင်းပြည်နယ် တွန်းဇံမြို့၌ ပြည်သူများအား လျှပ်စစ်မီးပြန်လည်ဖြန့်ဝေနိုင်ရေး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင် ဦးဆောင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့်အတူ မြို့နယ်လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမီးစက်ရုံအား ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် မြို့တွင်းအများပြည်သူသွားလာရာ လမ်းတလျှောက် ရပ်ကွက်နေ ပြည်သူများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးကာ ဌာနပိုင်အဆောက်အဦ ပျက်စီးမှုများအား ကွင်းဆင်းတိုင်းတာ၍ စာရင်းကောက်ယူခဲ့ကြသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ၊ မြို့နယ်ဖလမ်းဦးစီးအရာရှိ(မြို့ပြ)၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် မြို့နယ်ဖဖရတာဝန်ခံတို့ လိုက်ပါခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)