လပွတ္တာ ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဇွန်လ ၂၃ ရက်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဦးကိုကိုလှိုင်ကအဖွင့်အမှာ စကားပြောကြားခဲ့ပြီး အတွင်းရေးမှူး ဒုရဲမှူးကြီးမျိုးမြင့်ကလူကုန်ကူးမှုတား ဆီးကာကွယ်ရေးနှင့်ပတ်သက်၍အကျယ်တဝင့်ဆွေးနွေးဟောပြောခဲ့သည်။
အဆိုပါအခမ်းအနားသို့ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ခရိုင်မိခင် နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များစက်မှု လက်မှု သင်တန်း ကျောင်းနှင့်အိမ်တွင်းမှု သိပ္ပံကျောင်းမှသင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)