ငပုတောမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ သွင်းအားစုဓာတ်မြေဩဇာများနှင့် မိုးစပါးမျိုး‌စေ့ထောက်ပံ့ပေးအပ်ပွဲကျင်းပ

ငပုတော ဇွန် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်သက္ကယ်ချောင်း ကျေးရွာ၌ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီ၊ နိုင်ငံ့စီးပွါးမြှင့်တင်ရေး ရန်ပုံငွအစီအစဉ်ဖြင့် ပါဝင်ဆောင်ရွက်သည့် တောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများနှင့် မိုးစပါးမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

ဦးစွာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဆန်းဝင်းက အခမ်းအနား ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပသည်။

ဆက်လက်၍ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအစီအစဉ်ဖြင့် (၄၀၀၀) ဧကတွင် ပါဝင်ဆောင်ရွက်ကြမည့် တက်ရောက်လာကြသော တောင်သူများအား သွင်းအားစု ဓာတ်မြေဩဇာများနှင့် ပေါ်ဆန်းယဉ်မိုးစပါးမျိုးစေ့များကို ဒေသခံတောင်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)