လက်ပံတန်း ဇွန် ၂၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်မီးသတ်ဦးစီးဌာနက ရေဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ခြင်းကို ဇွန်လ (၂၃) ရက်နေ့နံနက်ပိုင်းက တာဆိပ်ကျေးရွာအုပ်စု တာဆိပ်ချောင်း၌ ပြုလုပ်ခဲ့သည်။
လက်က်ပံတန်းမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၏ ရေဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး စွမ်းရည်များ တိုးတက်လာစေရန်ရည်ရွယ်၍ ရေဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ရခြင်းဖြစ်ကြောင်း မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သဏ္ဌာန်ဇာတ်တိုက် လေ့ကျင့်ခြင်းများကို ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးလင်းကျော်က ပြောသည်။
မြို့နယ် (ပြန်/ဆက်)