ကျိုက်လတ်မြို့နယ်၌ မျိုးသန့် မျိုးစေ့ထုတ် စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲ နှင့် တောင်သူ အသိပညာပေးဆွေးနွေးပွဲကျင်းပ

ကျိုက်လတ် ဇွန် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မိုးစပါးရာသီ မျိုးကောင်းမျိုးသန့် သုံးစွဲနိုင်ရေး (RS to CS) စီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်း စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲနှင့် မိုးစပါးစိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တောင်သူများအား အသိပညာပေး ဆွေးနွေးပွဲကို ဇွန်လ (၂၄)ရက်၊ နေ့လယ်ပိုင်း က ပန်းဘဲစုကျေးရွာ အုပ်စု၊ အခြံချောင်းကျေးရွာရှိတောင်သူ ဦးမျိုးဝင်း၏ လယ် မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ RS to CS စီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ် စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲကျင်းပရာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးအောင်ဖုန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်/တိုး/မြင့်အဖွဲ့ဝင်များ၊ တောင်သူများတက်ရောက်ခဲ့ကြပြီး မိုးစပါးစိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တောင်သူများအား အသိပညာပေးဆွေးနွေးခဲ့ကာ ပိုးမွှားကင်းရှင်းစေရေး၊ စိုက်နည်းစနစ်မှန်ကန်စေရေးပြောကြားပြီးတောင်သူများ၏ လိုအပ်ချက်များကိုသက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

လှိုင်မင်းအောင် (ပြန်/ဆက်)