ကြာအင်းဆိပ်ကြီး ဇွန် ၂၅
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့တွင် ဥပဒေရေးရာဝန်ကြီးဌာန၊ ကရင်ပြည်နယ် ဥပဒေချုပ်ရုံးမှကြီးမှူး၍ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား ဥပဒေအသိပညာ ပြန့်ပွားရေးဆရာဖြစ်သင်တန်း(TOT)ကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းခိုင်ဝင်းက အမှာစကားပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဦးပြေထက်ပိုင်နှင့်တာဝန်ရှိသူများက ဥပဒေအသိပညာပေးများဆွေးနွေးပို့ချခဲ့ကြောင်းနှင့် သင်တန်းကာလမှာ ဇွန်(၂၅)ရက်မှ (၂၆)ရက်အထိ ဖြစ်ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)