မြိတ် ဇွန် ၂၅
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့အင်းလေးမြိုင်စက်မှုဇုန်တွင် ခိုင်ဇင်ယော်ကုမ္ပဏီလီမိတက်မှ အကောင် အထည်ဖော်ဆောင်ရွက်လျှက်ရှိသည့် “ငါးအမှုန့်ကြိတ်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း”နှင့်သက်ဆိုင်သည့် ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း(Initial Environmental Examination IEE)ဆိုင်ရာ အချက်အလက်များရှင်း လင်းတင်ပြခြင်းနှင့် အများပြည်သူနှင့်တိုင်ပင်ဆွေးနွေးခြင်းကို ဇွန်၂၅ရက် နံနက်ပိုင်းက ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သည်။
ရှင်းလင်းဆွေးနွေးရာတွင် ခိုင်ဇင်ယော်ကုမ္ပဏီလီမိတက်မှ ဦးဟိန်းမင်းဦးက စီမံကိန်းအကြောင်းအရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ငါးအမှုန့်ကြိတ် ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းနှင့်သက်ဆိုင်သည့် (Initial Environmental Examination - IEE) ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းကို ဆောင်ရွက်လျက်ရှိသည့် E Guard ပတ်ဝန်းကျင်ဆိုင်ရာဝန်ဆောင်မှု၏ စီမံအုပ်ချုပ်မှုဒါရိုက်တာ ဦးအေးသီဟက ကနဦးပတ်ဝန်းကျင် ဆန်းစစ်ခြင်း လုပ်ငန်းစဉ်အကြောင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် E-Guard ပတ်ဝန်းကျင်ဆိုင်ရာဝန်ဆောင်မှု၏ အကြံပေးပုဂ္ဂိုလ် ဦးစည်သူအောင်က ကနဦး ပတ်ဝန်းကျင်ဆန်းစစ်ခြင်း လုပ်ဆောင်နေမှုများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာကြ သည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံများနှင့် ဖိတ်ကြားထားသူများက သိရှိလိုသည်များကို မေးမြန်းအကြံပြုဆွေးနွေးကြသည်။ ခိုင်ဇင်ယော်ကုမ္ပဏီလီမိတက်မှ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည့် ငါးအမှုန့်ကြိတ်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၌ ပါကေးငါး(ကုန်ကြမ်း)မှ ငါးအမှုန့်(ကုန်ချော)အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက်)