ပုလော ဇွန် ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ရက်(၁၀၀)စီမံချက် လုပ်ငန်းများဖြစ်သည့် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကျေးရွာရှိအကျိုးဆောင်တောင်သူများအား သွင်းအားစုများ ပေးအပ်ချီးမြှင့်ခြင်းကို ဇွန် ၂၅ ရက် နံနက်ပိုင်းက ပုလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။
ပေးအပ်ချီးမြှင့်ပွဲတွင် ပုလောမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းက အကျိုးဆောင်တောင်သူများအနေဖြင့် ပန်းတိုင်အထွက်နှုန်းရရှိရေးကြိုးပမ်းစိုက်ပျိုးကြ စေလိုကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနးမှူး ဦးသော်ဇင်ထွန်းက ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာများကို အချိန်ကိုက် အချိုးကျအကျိုးရှိစွာအသုံးပြုစေလိုကြောင်း ဆွေးနွေးသည်။
ဆက်လက်၍ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကျေးရွာ(မကျည်းကုန်း)ရှိ အကျိုးဆောင် တောင်သူ ၇၈ ဦးအား မိုးစပါးစိုက်ဧက ၃၀၀ ဧကအတွက် သဘာဝမြေဩဇာအိတ် ၃၀၀ နှင့် ကွန်ပေါင်းဓာတ်မြေဩဇာ အိတ် ၁၅၀၊ စုစုပေါင်း အိတ် ၄၅၀ ကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)