အင်းစိန် ဇွန် ၂၄
ဇူလိုင်လ(၃)ရက်နေ့တွင်ကြရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင်၊အင်းစိန်မြို့ နယ်တွင်ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နေ့လယ် ၁ နာရီက အင်းစိန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
စကားဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်မာဝင်း၊ စာရေးဆရာမ တက္ကသိုလ်မြမဉ္ဇူ၊ ခရိုင်အမျိုး သမီးရေးရာအဖွဲ့အတွင်းရေးမှူး ဒေါ်ခင်ဆွေရီမြင့်၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်နုနုအေးနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ဥမ္မာအောင်တို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။ အဆိုပါ ၂၀၂၆ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စကားဝိုင်းဆွေးနွေးပွဲတွင် မြန်မာအမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံ၊ ယခင်နှင့်ယနေ့ခေတ်အမျိုးသမီးများ၏ စွမ်းဆောင်ရည်များ၊ အခန်းကဏ္ဍများ၊ မြန်မာအမျိုးသမီးရေးရာအဖွဲ့ကြီးက အမျိုးသမီးတို့အရေး ဆောင်ရွက်နေမှုများနှင့် အမျိုးသမီးများအကြမ်းဖက်ခံရမှု များလိုက်ပါဆောင်ရွက်နေမှုများအား လည်းကောင်း၊ ကျား/မအခြေပြုအကြမ်းဖက်မှု ပပျောက်ရေးများကိုလည်းကောင်း အသိ ပညာပေးဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ဆွေးနွေးပွဲသို့ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ရွှေယမင်းဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စာရေးဆရာအဖွဲ့များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ဆရာဆရာမများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ခရိုင် (ပြန်/ဆက်)