ကန်ကြီးထောင့်မြို့နယ်စည်ပင်သာယာရေးအနေဖြင့် မြို့ဖွံ့ဖြိုးတိုးတက်မှုများဆောင်ရွက်နေမှုအား တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေး

ကန်ကြီးထောင့် ဇွန် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်စည်ပင်သာယာရေးအနေဖြင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများအား စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်မှုများအား ဇွန်လ ၂၃ ရက်နေ့ နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများမှ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 ထိုသို့ ကြည့်ရှုစစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသန်းစိုးလွင်မှ WELCOME TO KANGYIDAUNT ဆိုင်းဘုတ်အား စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်သူများထည့်ဝင် လှူဒါန်းမှုဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ မြို့လယ်လမ်း လမ်းလယ်ကျွန်း ပန်းခုံအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အဖွဲ့ရန်ပုံငွေဖြင့် အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းတင်ပြခဲ့ ကြောင်းသိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)