အင်းစိန်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံး၊ စိတ်ကြိုက်ပန်းချီနှင့် ဟောပြောပွဲ ပြုလုပ်

အင်းစိန် ဇွန် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်နယ်၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံး၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် ဟောပြောပွဲကို ဇွန်လ ၂၃ ရက်နေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အင်းစိန်ခရိုင်ရုံး လူထုအခြေပြုဗဟို ဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရန်ကုန်မြောက်ပိုင်းခရိုင် အမှတ်(၄၀)မူးယစ်တပ်ဖွဲ့ ရဲအုပ်ကျော်သီဟက မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ဆိုးကျိုးများအ‌ကြောင်းကို အသိပညာပေးဟောပြောခြင်း၊ ဒု-ခရိုင်ပညာ‌ရေးမှူး ဦးမောင်မောင်လွင်က မုဒိတာစကားပြောကြားခြင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

‌ဆက်လက်၍ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲနှင့် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကျင်းပရာ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၅၆)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆုများ ရွေးချယ်၍ ဆုများချီးမြှင့်‌ပေးခဲ့သည်။

ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများ၊ ပြပွဲနှင့် ဟော‌ပြောပွဲအခမ်းအနားသို့ ခရိုင်၊မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စာရေးဆရာများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော အသိပညာပေး နံရံကပ်စာစောင်နှင့် သုတ/ရသ စာအုပ်၊စာစောင်များကို ပြိုင်ပွဲ၀င်များနှင့် တက်ရောက်လာသူများက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)