လပွတ္တာ ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး၍ အာဟာရနှင့်ကျန်းမာရေးအမူအကျင့်ဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက်က လပွတ္တာမြို့နယ်၊ ကျောက်မှော်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင် ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆင့်၊ ခရိုင်ဆေးရုံအုပ်ကြီး Dr သီတာအောင်နှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အိအိနွယ်တို့က အာဟာရနှင့်ကျန်းမာရေးအမူအကျင့်ဆိုင်ရာ အသိပညာပေးဟောပြောခဲ့ကာ သင်တန်းကို ဆက်လက်ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါသင်တန်းကို လပွတ္တာမြို့နယ်အတွင်းရှိ ကျောက်မှော်ကျေးရွာနှင့်အမှတ်(၇)ရပ်ကွက်တို့၌ လည်းသင်တန်း သား(၃၀)ဦးဖြင့်ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)