ဘိုကလေးမြို့နယ်၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ဘိုကလေး ဇွန် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဘိုကလေးမြို့နယ်၊ မဟာသီဝံကန်တော်ကြီး၌ ယနေ့နံနက်(၈)နာရီ အချိန်တွင် မြို့နယ်သစ်တောဦးစီးဌာနက ၂၀၂၆ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပခဲ့သည်။

သစ်ပင်စိုက်ပွဲတွင် ပျိုးပင်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်က ပေးအပ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာသူများအားလုံးက သတ်မှတ်နေရာအသီးသီးတွင် ရေတမာ၊ ပျဉ်းကတိုး၊ ပိတောက်၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ မာလာလူးကားစသည့်သစ်မျိုး(၆)မျိုး စုစုပေါင်း အပင်(၁၂၁၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရန်နိုင်ဖြိုးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများအင်အား (၁၅၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)