လပွတ္တာမြို့တွင် မှိုစိုက်ပျိုးခြင်းနှင့်မျိုးစေ့ချကိရိယာ Druum Seeder ဖြင့်မျိုးစေ့ချ စိုက်ပျိုးကွင်းသရုပ်ပြပွဲကျင်းပ

လပွတ္တာ         ဇွန်     ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့တွင် ကောက်စိုက်စက်ဖြင့်စိုက်ပျိုးရန် ပျိုးဗန်းဖြင့်ပျိုးထောင်ခြင်း၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထည့်သွင်းမြေမြှုပ်ခြင်း၊ ငွေနှင်းမှိုနှင့် ကောက်ရိုးမှိုစိုက်ပျိုးခြင်း၊ မျိုးစေ့ချကိရိယာ Druum Seeder ဖြင့်မျိုးစေ့ချစိုက် ပျိုးကွင်း သရုပ်ပြခြင်းအခမ်းအနားကို ဇွန်လ ၂၄ ရက် နံနက်ပိုင်းကမြွေဟောက် ကျေးရွာအုပ်စုရှိတောင်သူ  ဦးမန်းဖြူ လယ်မြေ၌ကျင်းပခဲ့သည်။

အခမ်းအနားတွင်ခရိုင်အုပ် ချုပ်ရေးမှူးဦးကိုကိုလှိုင်က အဖွင့်အမှာစကားပြောကြားပြီးခရိုင်စိုက် ပျိုးရေးဦးစီးမှူးဦးဝင်းစိုးက ပျိုးဗန်းဖြင့်ပျိုးထောင်နှင့်Druum Seeder ဖြင့်မျိုးစေ့ချစိုက်ပျိုးခြင်း အကြောင်းကိုရှင်းလင်းဆွေးနွေးကာ မြို့နယ်ဦးစီးမှူးဦးမျိုးအောင်က သစ်စိမ်းမြေသြဇာ ထည့်သွင်းမြေမြှုပ်ခြင်းနှင့် မှိုစိုက်ပျိုးခြင်းအကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

၎င်းနောက်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများကတောင်သူများထံသို့ ငွေနှင်းမှိုနှင့် ကောက်ရိုးမှိုများ အားပေးအပ်ခဲ့ကာလက်တွေ့ သရုပ်ပြစိုက်ပျိုးနေမှုအား ကြည့်ရှုအားပေး ခဲ့ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်