ဖြူး ဇွန် ၂၄
ရက်(၁၀၀)စီမံချက်ဖြင့် အသက်(၃၅)နှစ်မှ(၆၅)နှစ်ထိ အိမ်ထောင်သည် အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် စမ်းသပ်စစ်ဆေးခြင်းနှင့် ကုသမှုပေးခြင်းကို ဇွန်လ(၂၃)ရက်နေ့၊ မွန်းတည့် (၁၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ ဖြူးမြို့နယ် ခုတင်(၁၀၀)ဆံ့ဆေးရုံတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဖြူးမြို့နယ် ခုတင်(၁၀၀)ဆံ့ ဆေးရုံမှ သားဖွားမီးယပ် အထူးကုဆရာဝန်နှင့် ဆရာမများမှ အသက်(၃၅)နှစ်မှ(၆၅)နှစ်ထိ အိမ်ထောင်သည် အမျိုးသမီး(၃၁)ဦးအား ဒုတိယအကြိမ် ဆောင်ရွက်ပေးခဲ့ပြီး ယခင်ပထမအကြိမ်တွင်(၂၂)ဦး ဆောင်ရွက်ပေးခဲ့ရာ သားအိမ်ခေါင်းကင်ဆာအကြို ရောဂါတွေ့ရှိသူ(၂)ဦးအား လိုအပ်သော ကုသမှုများ ဆောင်ရွက်ပေးနေကြောင်းနှင့် အပတ်စဉ်အင်္ဂါနေ့များတွင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)