ဓနုဖြူမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား "လမင်းစီမံချက်"ဖြင့် နိုင်ငံသားစိစစ် ရေးကတ်နှင့် UID ကတ်များထုတ်ပေး

ဓနုဖြူ   ဇွန်   ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) "လမင်းစီမံချက်" ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ထုတ်ပေးခြင်းကို ယနေ့ ဇွန်လ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက ကျုံတနီးကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း (ကျုံတနီး)၌ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းထူးနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများထံသို့ နိုင်ငံသားစိစစ် ရေးကတ်ပြားများနှင့် UID ကတ်များကို လက်ဝယ်အရောက် စနစ်တကျ ထုတ်ပေးလျက်ရှိသည်။ အဆိုပါဆောင်ရွက်ပေးရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင် နှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေး၍ ကျောင်းသား၊ ကျောင်းသူ များအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်များ ပေးအပ်ခဲ့ကြောင်းသိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)