ဖျာပုံ ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများပိုင်ဆိုင်နေထိုင်ကြသည့် အိမ်၊ ခြံမြေများအား မြေငှားဂရန်ထုတ်ပေးနိုင်ရေးအတွက် မြို့နယ်များတွင် မြေယာအရှပ်အရှင်းကင်သည့် ကျေးရွာတစ်ရွာစီအား ရွေးချယ်၍ ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးကွင်းဆင်းဆောင်ရွက်ခြင်းကို ဇွန်လ ၂၄ ရက်နေ့ နေလယ်ပိုင်းအချိန်က အဆိုပါမြို့နယ်အတွင်းဆောင်ရွက်ကြသည်။
အဆိုပါကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး ဆောင်ရွက်ရာတွင်မြို့နယ်အတွင်းရှိ ကျေးရွာမြေငှား ဂရန်ထုတ်ပေးနိုင်ရေး ရွေးချယ်ထားသည့် ချောင်းတွင်းကျေးရွာအုပ်စုကွင်းအမှတ် (၄၅၂-ခ)၊ ချောင်းတွင်းကျေးရွာ ဧရိယာ (၁၈.၃၄)ဧကရှိမြေနေရာအား၊ ဖျာပုံမြို့နယ် မြေစာရင်ဦးစီးဌာနမှဝန်ထမ်းများ၏ ကျေးရွာမြေတိုင်းတာမှုများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဝင်း (နယ်နမိတ် သတ်မှတ်ရေးအရာရှိ Boundary Officer)နှင့် ဖျာပုံမြို့နယ်မြေစာရင်းဦးစီးဌာနမြို့နယ် ဦးစီးဌာနမှူး ဦးချိုသင်းနယ်နမိတ်သတ်မှတ်ရေးအရာရှိ Boundary Officer) တို့မှကွင်း ဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)