ပွင့်ဖြူမြို့ အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်း၌မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပွင့်ဖြူ ဇွန် ၂၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး ဇွန် ၂၃ ရက် မွန်းလွဲ ၂ နာရီက ပွင့်ဖြူမြို့ အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသား/ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်ကင်းဝေးစေရန် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာအောင်က မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများနှင့်ပြစ်မှုပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးမသုံးစွဲမိစေရန် ရှောင်ကြဉ်ရမည့်နည်းလမ်းများ၊ အသိပညာဗဟုသုတတိုးပွားစေရန် အားလပ်ချိန်များ၌ သုတ/ရသစာအုပ်စာပေများကို လေ့ဖတ်ရှုကြရန်တို့ကို အသိပညာပေးဆွေးနွေးဟောပြောသည်။

ထို့နောက် ဆွေးနွေးပွဲသို့တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက မူးယစ်ဆေးဝါးအန္တရာယ် ပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေးပေးပြီး မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများပါဝင်သော အသိပညာပေးနံရံကပ်စာစောင်များအားခင်းကျင်းပြသရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစ်စား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။  

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )