ကျိုင်းတုံ ဇွန် ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများသင်ကြားနေမှုအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်းနှင့်တာဝန်ရှိသူများက ဇွန် ၂၃ ရက်က သွားရောက် ကြည့်ရှုအားပေးသည်။
ဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုးဝေနှင့်တာဝန်ရှိသူများက ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာနှင့် အမှတ်(၄)ရပ်ကွက်တို့ရှိ ၂၀၂၆ ခုနှစ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများတွင် စိတ်ပါဝင်စားစွာလာရောက်လေ့လာသင်ယူနေကြည့်သည့် ဒေသခံတိုင်းရင်းသားပြည်သူများ ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)