ကလောမြို့၌ ရွှေကလောအထွေထွေရောင်းဝယ်ရေးသမဝါယမအသင်း(လီမီတက်)မှ ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ

ကလော ဇွန် ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ မြို့လယ်ဓမ္မာရုံ၌ ဇွန်လ ၂၄ ရက်နေ့နံနက် ၁၀ နာရီက ရွှေကလောအထွေထွေရောင်းဝယ်ရေးသမဝါယမအသင်း(လီမီတက်)မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကိုကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ရွှေကလောအထွေထွေရောင်းဝယ်ရေး သမဝါယမအသင်း(လီမီတက်) သဘာပတိ  ဦးမြဆောင်က အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးညီညီ‌အောင်နှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးခင်ထွန်းတို့က သမဝါယမအသင်း၏ဥပဒေ၊ နည်းဥပဒေများအ‌ကြောင်းနှင့် ပတ်သက်၍ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ရွှေကလောအထွေထွေရောင်းဝယ်ရေးသမဝါယမအသင်း တာဝန်ရှိသူများက အသင်း၏၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက်အသင်းအမှုဆောင်အဖွဲ့ အစီရင်ခံစာ၊ စာရင်းစစ် အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေးစာရင်းရှင်းတမ်း တို့ကိုဖတ်ကြားရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ သဘာပတိက အသင်း၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အသင်းအမှုဆောင် အဖွဲ့နှစ်ချုပ်ဘဏ္ဍာရေးစာရင်းရှင်းတမ်းတို့အပေါ် အသင်းသားများ၏ ဆန္ဒသဘောထားရယူ၍ အတည်ပြု‌‌ကြေငြာပေးခဲ့ပြီး သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။

ကျော်ဝင်း(ကလော)