မိုင်းတုံ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့်လက်တွေ့သရုပ် ပြပွဲကျင်းပ

မိုင်းတုံ ဇွန် ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် မီးသတ်ဦးစီးဌာနမှဦးစီးအရာရှိ ဦးမင်းမင်းထွေးနှင့်ဝန်ထမ်းများက မြို့နယ်ပညာ‌ရေးတို့ပူး‌ပေါင်း၍  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့်လက်တွေ့သရုပ်ပြပွဲကို ဇွန် ၂၄ ရက်နေ့ နံနက် (၉) နာရီခွဲက အ.ထ.ကမိုင်းတုံကျောင်းရှိ နီလာဆောင်ခန်းမ၌ကျင်းပခဲ့ရာ  ပြည်နယ်လွှတ်တော်ကိုယ်စာလှယ် ဦးစောမူးလာ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသူကျော်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှဦးစီးအရာရှိ ဦးမင်းမင်းထွေးနှင့်ဝန်ထမ်းများ၊ မြို့နယ်ပြန်/ဆက်၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်း သူ(၂၅၀)ခန့်တက်ရောက်ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှဦးစီအရာရှိ ဦးမင်းမင်းထွေးက မီးဘေအန္တရာယ် ကြိုတင်ကာကွယ်ရေး၏ရည်ရွယ်ချက်နှင့် အ‌ရေးပါပုံကိုအကျယ်တဝန်းရှင်းလင်းခြင်း၊ ကယ်ဆယ်ရေးသရုပ်ပုံဖော်ပြသခြင်းများဆောင်ရွက်ပြီး‌နောက် ကျောင်းဝန်း၌ မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ သရုပ်ပြဆောင်ရွက်ရန်မြို့နယ်မီးသတ်တပ်ဖွဲ့မှဦးစီးအရာရှိ ဦးမင်းမင်းထွေးက ကျောင်းသား/ကျောင်းသူများအား ကိုယ်တိုင်မီးဘေးအန္တရာယ်မှကာကွယ်ရမည့်နည်းလမ်းများ‌၊ ရင်ဆိုင်ရမည့်အခါ စတင်လုပ်ဆောင်ရမည့်အချက်များ၊ ကိုင်ဆောင်ရမည့်ပုံစံများသိရှိစေလိုရန်နှင့် လက်တွေ့မီးငြိမ်းသတ်နည်းများကိုလည်း ပူးပေါင်းဆောင်ရွက်တက်စေရန်လိုအပ်‌‌ကြောင်း ရှင်းလင်းဆွေးနွေးပြီး ယင်းနောက် မြို့နယ်မီးသတ်တပ်ဖွဲ့မှဦးစီးအရာရှိ ဦးမင်းမင်းထွေးနှင့်ဝန်ထမ်းများက မီးငြိမ်းသတ်ခြင်းများကိုပုံစံအမျိုးမျိုးဖြင့် လက်တွေ့သရုပ်ပြခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စာလှယ် ဦးစောမူးလာ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သီဟ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်မိုးနှင့်အဖွဲ့များမှကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)