လက်ပံတန်း ဇွန် ၂၆
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် အထူးကုဆရာဝန်ကြီးများအဖွဲ့က မြို့နယ်အတွင်းရှိ အထွေထွေရောဂါဝေဒနာရှင်များအား ဇွန် ၂၂ ရက်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက်ပေးသည်။
ကွင်းဆင်းဆေးကုပေးရာတွင် သာယာဝတီခရိုင်ဆေးရုဲအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများအဖွဲ့၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင်ဇော်ဝင်းနှင့် ကျန်မားရေးဝန်ထမ်းများ ပူးပေါင်း၍ အထွေထွေရောဂါ၊ ခွဲစိတ်ရောဂါ၊ သားဖွားမီယပ်ရောဂါ၊ ကလေးရောဂါ၊ အရိုးအကြောရောဂါ၊ သွားနှင့် ခံတွင်းရောဂါသည်တို့ လာရောက်ပြသသူ ၁၅၈ ဦးတို့အား ကွင်းဆင်းကုသပေးရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းအောင်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)