တာချီလိတ် ဇွန် ၂၆
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ ရက် (၁၀၀)လမင်းစီမံချက်ဖြင့် အခြေခံပညာကျောင်းများရှိ အသက် ၁၀ နှစ်နှင့်အထက် ကျောင်းသားကျောင်းသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များထုတ်ပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ဇွန် ၂၄ ရက်နေ့ နံနက်ပိုင်းက မိုင်းကိုးကျေးရွာအုပ်စု၊ မယ်လိတ်ပါကော်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသက်ဆွေဦးနှင့်ဝန်ထမ်းများက အသက် ၁၀ နှစ်နှင့်အထက်ရှိသည့် ကျောင်းသား/ကျောင်းသူ ၉၇ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များကို One Stop Service ဖြင့် လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်းနှင့် ယနေ့ထိ လမင်းစီမံချက်ဖြင့် ကျောင်းသား/ကျောင်းသူ ၅၅၈ ဦးအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီးကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)