ဝါးခယ်မမြို့နယ်၌ မိုးစပါးဆင်းသုခစပါးမျိုးအား လက်ဆွဲမျိုးစေ့ချ (Drum Seeder) ဖြင့်စိုက်ပျိုး

ဝါးခယ်မ ဇွန် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ကြခတ်ကုန်းကျေးရွာအုပ်စု၊ မရမ်းချောင်ကျေးရွာ၌ ဇွန် ၂၄ ရက် နံနက် ၉ နာရီ ၁၅ မိနစ်အချိန်က ကွင်းအမှတ် (၁၀၁၇) ဦးပိုင်အမှတ် (၄၈/၅) တောင်သူ ဒေါ်ဌေးဝင်း၏လယ်မြေတွင် မိုးစပါးဆင်းသုခစပါးမျိုးအား (Drum Seeder)နှင့် (10) Row Drum Seeder မျိုးစေ့ချစက်ကိရိယာတို့ဖြင့် စိုက်ပျိုးခြင်းများ ဆောင်ရွက်ခဲ့ သည်။

Drum Seeder ဖြင့် စိုက်ပျိုးခြင်းကို မြောင်းမြခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဌ ဦးမောင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက် မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဌဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများက ကြည့်ရှု့အားပေးခဲ့ကြသည်။

ဆက်လက်ပြီး  စိုက်ပျိုးရေးဦစီးဌာနဝန်ထမ်းများက မိုးစပါးပျိုးဗန်းများဖြင့် ပျိုးထောင်မှုများကို သရုပ်ပြခြင်းနှင့် မြောင်းမြခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဌ ဦးမောင်မောင်က တောင်သူများနှင့် တွေ့ဆုံပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်