ကာမိုင်းမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေ

ကာမိုင်း ဇွန် ၂၆

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို   ဇွန် ၂၄ ရက် မွန်းလွှဲ (၁) နာရီက အ.ထ.က ကာမိုင်းနှင့် အ.ထ.က (ခွဲ) မြို့မ -၂ ကျောင်းတို့တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် မူးယစ်အန္တရာယ်ပြည့်ရန်စွယ်ကာကွယ်တိုက်ဖျက် လက်ချင်းဆက်၊ မူးယစ်ဆေးဝါးအုပ်စု (၅) မျိုး၊ ကျောင်းသားလူငယ်များသိရှိလိုက်နာသင့်သည့် အချက်များ၊ အဆိုးကျော့စက်ဝန်း အဆုံသတ်ဖို့အုပ်စုဖွဲ့မှုခင်းတိုက်ဖျက်စို့ဆောင်ပါး၊

ကမ္ဘာ့ပြဿနာမူးယစ်ဆေးတစ်ကမ္ဘာလုံးက တိုက်ဖျက်ပေးစသည့်ဆောင်ပုဒ်၊ ဝိုင်းဝန်းကာကွယ်မူးယစ်ဆေးဝါးအန္တရာယ်ကဗျာနှင့် ကာတွန်းပါရှိသော လက်ကမ်းစာစောင် (၂၆၄) စောင်ကို မြို့ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ရွှေဇင်ဦးနှင့် ဝန်ထမ်းများက ကျောင်းသား/သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)