ရွာသစ် ဇန်နဝါရီ ၂၂
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့၌ ဒေသခံပြည်သူတစ်ချို့က ရာသီပေါ်ချိန် ကောက် ညှင်း ကျည်တောက်ပြုလုပ် ရောင်းချ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကောက်ညှင်းကျည်တောက်ကို ကောက်ညှင်းကျည်တောက် ပြုလုပ်သော ဝါးဖြင့် ပြုလုပ်ရပြီး ကောက်ညှင်းဆန်(၁၀)ဗူးကို အုန်းသီး(၅)လုံးနှင့် ဆောင်ရွက်ကာ ကောက်ညှင်းကျည်တောက် (၁၅) ချောင်း ရရှိပြီး အသေးတစ်ချောင်းလျှင်(၁၀၀၀)ကျပ်၊ အကြီးတစ်ချောင်းလျှင် (၁၅၀၀) ကျပ် ရောင်းချ ကြောင်း ဒေါ်နန်းဘိက ပြောကြားသည်။
အဆိုပါ ဒေသထွက်အစားအစာတစ်ခုဖြစ်သည့် ကောက်ညှင်းကျည်တောက်ကို နေ့စဉ် ပြုလုပ် ရောင်းချခြင်းမဟုတ်ဘဲ တစ်ရက်ခြားတစ်ခါ(သို့) သုံးရက်ခြားတစ်ခါ ဖောက်သည်များမှ ကြိုတင် မှာယူမှုပေါ်မူတည်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး တစ်ဘက်တစ်လမ်းမှ မိသားစု အပိုဝင်ငွေ ရရှိကြောင်း အဆင် ပြေလျက် ရှိကြောင်း သိရသည်။
နန်းဆွေဆွေအေး (ပြန်/ဆက်)