ကယားပြည်နယ်

မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ လွိုင်ကော်မြို့ မိုးကောင်းဘုရားကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်း၊ ရေသပ္ပါယ်ပူဇော်ြခင်း မင်္ဂလာအခမ်းအနားနှင့် ဇီဝိတဒါနငါးလွှတ်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

၁၃၈၇ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် နှစ်စဉ်ကျင်းပလျက်ရှိသည့် လွိုင်ကော်မြို့ မိုးကောင်းဘုရားကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းနှင့် ရေသပ္ပါယ်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက မိုးကောင်းဘုရားကြီးဂန္ဓကုဋိတိုက်၌ ကျင်းပရာ ဆရာတော် သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ကြသည်။

ကယားပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ စုပေါင်းရဟန်းခံ၊ ရှင်ပြု ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ

မြန်မာနှစ်သစ်ကူးအချိန်အခါတွင် မြန်မာတို့၏ ဗုဒ္ဓဘာသာထုံးတမ်းအစဉ်အလာများအရ ကောင်းမှုကုသိုလ်အမျိုးမျိုး ကုသိုလ်ပြုကြရာ ရဟန်းခံ၊ ရှင်ပြု အလှူတော်မင်္ဂလာအခမ်းအနားများမှာ ထူးခြားထင်ရှားသည့် ကုသိုလ်တစ်ခုဖြစ်သည်နှင့်အညီ ကယားပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ စုပေါင်းရဟန်းခံ၊ ရှင်ပြု ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်က လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများသို့ ဆေးဝါးနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများ နေထိုင်စားသောက်မှုပိုမိုအဆင်ပြေစေရေးအတွက် ဧပြီ (၁၀) ရက်နေ့နံနက်က ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုခဲ့ကြသည်။

နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကယားပြည်နယ်အတွင်းရှိ တပ်မတော်ဆေးရုံများသို့ အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်း

နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကယားပြည်နယ်အတွင်းရှိတပ်မတော်ဆေးရုံများသို့ အထောက်အကူပြုပစ္စည်းများပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်က လွိုင်ကော်မြို့၊ နယ်မြေခံခုတင်(၁၀၀)တပ်မတော်စစ်ဆေးရုံ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တပ်မတော်စစ်ဆေးရုံမှ အရာရှိစစ်သည်များ တက်ရောက်ကြကြောင်း သိရသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်း ဆရာ ဆရာမများ၏ ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းနှင့်ဆွေးနွေးပွဲများ ဖွင့်လှစ်နေမှုများကို ကြည့်ရှုအားပေး

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပညာရေးဌာနတာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့၊ အမှတ်(၁)၊ အမှတ်(၅)နှင့် အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းများ၌ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်း ဆရာ ဆရာမများ၏ ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းနှင့် ဆွေးနွေးပွဲများ ဖွင့်လှစ်ပို့ချနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ကယားပြည်နယ် အခြေခံပညာကျောင်းသား ကျောင်းသူများအတွက် နွေရာသီ သင်တန်းများ ဖွင့်ပွဲအခမ်းအနား လွိုင်ကော်တွင် ကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ အခြေခံပညာကျောင်းသား ကျောင်းသူများအတွက် နွေရာသီသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပညာရေးဌာန တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် နွေရာသီသင်တန်းများသို့ တက်ရောက်ကြမည့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်း(Dip.EP) လွိုင်ကော်တွင် ဖွင့်လှစ်

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း(Dip.EP)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက လွိုင်ကော်ပညာရေးဒီဂရီကောလိပ်၊ ကယားသဇင်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူ ဆရာ ဆရာမများ တက်ရောက်ခဲ့ကြသည်။

ကယားပြည်နယ် လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးသိန်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအား ကြည့်ရှုအားပေး

ကယားပြည်နယ်၊ လွိုင်ကော်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူကြသော အငြိမ်းစားနိုင်ငံဝန်ထမ်းများအား အခမဲ့ကျန်းမာရေးဆောင်ရွက်ပေးမှုကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ခဲ့သည်။

ကယားပြည်နယ် လွိုင်ကော်မြို့၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်

ကယားပြည်နယ်အတွင်း အသက် ၁၄ နှစ်နှင့်အထက် လူငယ်မောင်မယ်များနှင့် မိသားစုဝင်များအတွက် သင့်တော်ကောင်းမွန်သော အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ယမန်နေ့နံနက်ပိုင်းက ကယားပြည်နယ် အသေးစားစက်မှုလုပ်ငန်းဦးစီးဌာန၌ ဖွင့်လှစ်သည်။

ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင် ၂၀၂၅ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနား တက်ရောက်

ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းစီစဉ်မှုဖြင့် အားကစားနှင့်ကာယပညာဦးစီးဌာနက ဖွင့်လှစ်ခဲ့သည့် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကို ယမန်နေ့နံနက်က ပြည်နယ်ကရာတေးအားကစားရုံ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့သည်။
Subscribe to ကယားပြည်နယ်