ဒီးမော့ဆိုမြို့နယ် ဒေါပိုးစီကျေးရွာ လောကရံသီဆုတောင်းပြည့် စေတီတော်မြတ်ကြီး ထီးတော်တင်လှူ၊ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် စံပြ(၆)မိုင်ကျေးရွာအုပ်စု၊ ဒေါပိုးစီကျေးရွာ၌ တည်ထားကိုးကွယ်သည့် လောကရံသီဆုတောင်းပြည့်စေတီတော် ထီးတော် တင်လှူခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်က ဒေါပိုးစီကျောင်းပရဝုဏ်အတွင်း၌ ကျင်းပသည်။