လားရှိုးမြို့ မန်ဆူဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

လားရှိုး ဇွန် ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် မီးဘေးအန္တရာယ်မှကင်းဝေးစေရေးအတွက် မန်ဆူဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့က အမှတ် (၈)ရပ်ကွက်ရှိ မန်ဆူဈေး၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမင်းမင်းသစ်ဦးဆောင်၍ မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဝင်များ၊ ဈေးအကျိုးတော်ဆောင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များနှင့် ဈေးသား၊ ဈေးသူများပူးပေါင်း၍ ရေသယ်ယာဉ် ၃စီးဖြင့် စုပေါင်းမီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဗူးအသုံးပြု၍ မီးငြှိမ်းသတ်ခြင်း၊ အရေးပေါ် လူနာကူညီကယ်ဆယ်နည်းများအား သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

လူမော် (ပြန်/ဆက်)