ပြည်ကြီးတံခွန်မြို့နယ်ရှိ အမှတ်(၂၇)အခြေခံပညာအထက်တန်းကျောင်းသို့ မိုဘိုင်းရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေး

မန္တလေး ဇွန် ၂၉

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၂၇) အခြေခံပညာအထက်တန်း‌ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် ၁၁ နာရီက မိုဘိုင်းရွေ့လျား စာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များအား  အခမဲ့ငှားရမ်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ စာအုပ်စာစောင်များ ငှားရမ်းဆောင်ရွက်ပေးရာတွင် ကျောင်းသား/သူများအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အားလပ်သည့် အချိန်များတွင် စာဖတ်ခြင်းဖြင့် ရရှိလာမည့် စာပေအကျိုး ကျေးဇူးများရရှိစေရန်ရည်ရွယ်၍ ယင်းမိုဘိုင်းရွေ့လျား စာကြည့်တိုက် ယာဉ်၌ သုတ၊ ရသ စာအုပ်ပေါင်း နှစ်ထောင်ကျော်ရှိပြီး နှစ်ပတ်လျှင် တစ်ကြိမ် စာအုပ်စာစောင် အသစ်များ အခမဲ့လှယ်လဲပေးသွားမည်ဖြစ်ပြီး မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူ တစ်ဦးလျှင် စာအုပ်နှစ်အုပ်နှုန်းဖြင့် အခမဲ့ငှားရမ်းဆောင်ရွက်ပေးခဲ့သည်။

ယင်းစာအုပ်စာစောင်များကို ငှားရမ်းဖတ်ရှုလိုပါက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် အခမဲ့ လာရောက်ငှားရမ်း ဖတ်ရှုနိုင်ကြောင်း သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)