ပြည်ကြီးတံခွန်မြို့နယ် အမှတ်(၂၇)အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်

ပြည်ကြီးတံခွန် ဇွန် ၂၉

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၂၇) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူလေးများအား ယနေ့နံနက် ၁၀ နာရီခွဲက မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ် စာစောင်များအား ပြသဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်  မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ သိရှိစေနိုင်ရန်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် ရရှိနိုင်ရောဂါများကို သိရှိစေနိုင်ရန်၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်တတ်သောရောဂါ ဆိုးကျိုးများကို သိရှိစေနိုင်ရန်၊ မူးယစ်ဆေးဝါးကို မသုံးစွဲခြင်းဖြင့် အကျင့်စာရိတ္တကောင်းမွန်သည့် လူငယ်၊ လူရွယ်များ ဖြစ်လာစေရန်၊ ကျောင်းနေရမည့်အရွယ်တွင် ကျောင်းတက်နေစေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာစေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး  အသိပညာပေး  နံရံကပ်စာ‌စောင်များ ပြသဆောင်ရွက်ခဲ့ရာ အမှတ်(၂၇) ကျောင်းသား၊ ကျောင်းသူ လေးများက စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)