ဝမ်းတွင်းမြို့နယ် သဲတော အ.ထ.ကကျောင်း၌ လူငယ်စကားဝိုင်းအခမ်းအနားကျင်းပ

ဝမ်းတွင်း  ဇွန် ၂၉

မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာ‌ရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက သဲတော အ..က ကျောင်းအောင်သိပ္ပခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်သိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာလင်းက လူငယ်စကားဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။ ဆက်လက်၍  လူငယ်စကားဝိုင်းတွင် ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့် social media၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်အား ကစားစသည့် ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ရာ ဦးစီးအရာရှိဒေါ်သန္တာလင်းက ဖြည့်စွက်ဆွေးနွေးခဲ့ပြီး တက်ရောက် လာသည့်‌ ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်ဆွေးနွေး‌ မေးမြန်းခဲ့သည်။   

ထို့နောက် ဦးဆောင်ဆွေးနွေးသည့် ကျောင်းသားကျောင်းသူများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်သိန်းက ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ပေးခဲ့ပြီးကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်စာစောင်များအား စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)