မိုင်းရှူး ဇွန် ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် လွိုင်လင်ခရိုင်သစ်တောဦးစီးဌာနမှ သစ်ပင်စိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့်မျက်စိပသာဒရှိစေရေး၊ သစ်တောသစ်ပင်တန်ဖိုးများကို အများပြည်သူအလေးထားသိရှိနိုင်ရန်ရည်ရွယ်၍ ၂၀၂၆ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၈)နာရီက ဖာယကျေးရွာအုပ်စု၊ ဖာယကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းဝင်းအတွင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး သစ်တောဦးစီးဌာနမှတာဝန်ရှိသူများထံ စိုက်ပျိုးမည့်ပျိုးပင်များပေးအပ်ခဲ့သည်။ ထိုနောက် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် ကျေးလက်နေပြည်သူများက ကျွန်းပင်၊ မန်ဂျန်ရှား၊ ခါတော်မီ၊ စိန်ပန်းနီ၊ မယ်ဇလီပင် စသည့် ပျိုးပင်(၁၅၀၀)ပင်တို့ကို စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မိုင်းရှူး(ပြန်/ဆက်)