နတ်မောက် ဇွန် ၂၉
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဥသျှစ်မျှောင်ကျေးရွာမှ အသင်းဝင်တောင်သူများထံ မြစိမ်းရောင်ကျေးရွာစီမံကိန်း( ၁၀)ကြိမ်မြောက် စက်ဝန်းထုတ်ချေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြစိမ်းရောင်ကော်မတီအတွင်းရေးမှူးနေအိမ်တွင် ပြုလုပ်ခဲ့သည်။
နတ်မောက်မြို့နယ် ဥသျှစ်မျှောင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(၁၀)ကြိမ်မြောက် စက်ဝန်းထုတ်ချေးပေးရာတွင် စိုက်ပျိုးရေးလုပ်ကိုင်သူ(၅၁)ဦးအတွက် ကျပ်(၂၄ဒဿမ၂)သန်း၊ မွေးမြူရေးလုပ်ကိုင်သူ(၂၈)ဦးအတွက် ကျပ်(၁၁ဒဿမ၈)သန်း စုစုပေါင်းအသင်းဝင် တောင်သူ(၇၉)ဦးအတွက် ကျပ်(၃၆)သန်းအား ဒေသခံတောင်သူများရှေ့တွင် အသီးသီးထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
လှဝင်း