ဘုတ်ပြင်း ဇွန် ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့တွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ် ပညာသင်တန်း(၁/၂၀၂၆)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပသည်။
အခမ်းအနားသို့ မြိုနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သန္ဓေ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့်သင်တန်းသားများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ဘုတ်ပြင်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီက သင်တန်းအဖွင့်အမှာစကားပြောကြားရာ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ဈေး၊ စက်သုံးဆီသိုလှောင်/ ဖြန့်ဖြူး/ရောင်းချနေသည့် လုပ်ငန်းများ၊ ဟိုတယ်၊ တည်ခိုးခန်းလုပ်ငန်းများနှင့်စက်ရုံ၊ ကုမ္ပဏီစသည့်တို့မှ တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ရေး လုပ်ငန်းတွေကို သိရှိနားလည်ပြီး အရေးပေါ်မီးလောင်မှုများနှင့် ကြုံတွေ့လာပါက မိမိတို့လုပ်ငန်းတွေမှာ အသင့်ထားရှိသည့် မီးငြှိမ်းသတ်ရေးပစ္စည်းများကိရိယာတွေကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုယ်တွယ်အသုံးပြုနိုင်ရန်၊ မီးလောင်မှုကြီးကြီး မားမားမဖြစ်စေရန်နှင့် ကနဦးအဆင့် လျင်မြန်စွာ မီးငြှိမ်းသတ် စေရန်နှင့် တက်ရောက်လာကြသည့် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် သင်တန်းမှ သင်ကြားပေးသည့် သင်ခန်းစာများကို အကောင်းဆုံး လေ့လာသင်ယူပြီး မိမိတို့ရဲ့လုပ်ငန်းတွေကို အကျိုးရှိရှိ အသုံးပြုသွားကြစေလိုကြောင်းပြောကြားသည်။
သင်တန်းသို့ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ဈေး၊ စက်သုံးဆီသိုလှောင်/ဖြန့်ဖြူး/ရောင်းချ နေသည့် လုပ်ငန်းများ၊ ဟိုတယ်၊ တည်ခိုးခန်းလုပ်ငန်းများနှင့်စက်ရုံ၊ ကုမ္ပဏီ စသည့်တို့မှ သင်တန်းသား(၅၀)ဦးတက်ရောက်ကြပြီး သင်တန်းနည်းပြများက စာတွေ့လက်တွေ့ ဘာသာရပ်များကို ဇွန် ၂၉ ရက်မှ ဇူလိုင် ၁၀ ရက်အထိ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)