ဓနုဖြူ ဩဂုတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ မဲစာရင်းလာရောက်မကြည့်ရှုနိုင်သည့် ပြည်သူများအား ဆန္ဒမဲစာရင်းတွင် အချက်အလက်မှန်ကန်စွာ ပါဝင်နိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲဝင်များက ယနေ့နံနက် ၇ နာရီက တမြာကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ တစ်အိမ်တက်ဆင်း လိုက်လံဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများမှ မဲစာရင်းလာရောက်မကြည့်ရှုနိုင်သည့် ပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် မိမိအမည်များ မဲစာရင်းတွင် အချက်အလက် မှန်ကန်စွာပါဝင်စေရေး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လမ်းညွှန်ချက်နှင့်အညီ မြို့နယ်အတွင်းရှိ ကျေးရွာများသို့ တစ်အိမ်တက်ဆင်း လိုက်လံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)