ပင်လုံမြို့၌ အသက် ၂လမှ ၁နှစ်ခွဲအောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း တိုက်ခြင်း လုပ်ငန်း များ ဆောင်ရွက်

ပင်လုံ    ဩဂုတ် ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ယနေ့နံနက် ၉ နာရီအချိန်က ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးခြင်း တိုက်ခြင်းလုပ်ငန်းများတွင် ၂ လမှ ၁ နှစ်ခွဲအောက် ကလေးများအား ပုံမှန်ကာ ကွယ်ဆေးထိုးခြင်း တိုက်ခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ခြင်းအနေဖြင့် လူစုလူဝေး မဖြစ်စေရန် ၆ ပေခြား ဆောင်ရွက်ခြင်း၊ လက်ဆေး ဘေစင်များ ထားရှိပေးခြင်း၊ Hand Gel များထားရှိပေးခြင်း၊ ဆေးခန်းသို့လာသည့် ကလေးမိဘများအား Mask များတပ်စေခြင်း၊ ကလေးများအား Face Shield များတပ်ဆင်စေခြင်း၊ ဆေးခန်းတွင်းသို့ (၁)ကြိမ်လျှင် (၁၀)ဦးသာ ဝင်စေခြင်းများ ဆောင်ရွက် ထားကြောင်း သိရသည်။ အဆိုပါကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်လုပ်ငန်းများအား လစဉ် အပတ်စဉ် ဆောင်ရွက်နေကြောင်း သိရသည်။

နန်းမြင့်မြင့်ဆွေ